International News

မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့နေသည့် စက်မှုထုတ်ကုန်များဖြစ်သော သကြား၊ ဆံပင်တို့နှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံ၏ လက်ရှိဆောင်ရွက်မှုအခြေအနေ

Last Updated:

ဗီယက်နမ်နိုင်ငံအနေဖြင့် သကြားအား တရုတ်၊ အမေရိက၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကိုရီးယား၊ မလေးရှား၊ UAE ၊ ဩစတြေးလျ၊ ဂျပန်နှင့် ကမ္ဘောဒီးယား စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ၎င်းနိုင်ငံအတွင်းသို့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဩစတြေးလျ၊ လာအို၊ USA ၊ အိန္ဒိယနိုင်ငံတို့မှ သကြားများ တင်သွင်းလျက်ရှိပါသည်။

ဗီယက်နမ်နိုင်ငံသည် ၎င်းနိုင်ငံ၏ပြည်တွင်း၌ ထုတ်လုပ်သောသကြားနှင့် သွင်းကုန်သကြားများအကြား တရားမျှတသော ယှဉ်ပြိုင်မှုရရှိစေရန် သကြားတင်သွင်းမှုအတွက် အကောက်ခွန်ခွဲတမ်းများအား လေလံစနစ်ဖြင့် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်အမှတ် ၁၅၆၉/QD-BCT ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် ၁၆-၆-၂၀၂၁ ရက်နေ့မှစတင်၍ ၅ နှစ်တာကာလအထိ ထိုင်းနိုင်ငံမှ ထွက်ရှိသော သကြားထုတ်ကုန်ပစ္စည်းများအပေါ် Anti-dumping Tax ၄၂.၉၉ % နှင့် Anti Subsidy Tax ၄.၆၅ % ကို တရားဝင်စည်းကြပ်ကောက်ခံခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးသကြားထုတ်လုပ်သူများမှ တင်သွင်းထားသည့် သကြားထုတ်ကုန်ပစ္စည်းများအပေါ် Anti-dumping Duty ကို ၂၅.၇၃ % - ၃၂.၇၅ % အထိ ကောက်ခံသွားမည်ဖြစ်ပြီး ၁၈-၈-၂၀၂၃ ရက်နေ့မှ ၁၅-၆-၂၀၂၆ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်သည်။

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရောင်းချသော သကြားများတွင် ထိုင်းနိုင်ငံမှ ထွက်ရှိသော သကြားများကို တင်ပို့ခဲ့ခြင်းအား စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံ၍ အဆိုပါအရှေ့တောင်အာရှဒေသရှိ နိုင်ငံ ၅ ခုမှ တင်သွင်းသော သကြားထုတ်ကုန်များအတွက် Trade remedies လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် အမှတ် 15/4/QD-BCT အား ၁၇-၈-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံတွင် ဆံပင်လုပ်ငန်းနှင့်ပတ်သက်၍ အသင်းအဖွဲ့ ဖွဲ့စည်းထားခြင်းမရှိသေးဘဲ အလွတ်သဘောရောင်းဝယ်မှုကိုသာ ပြုလုပ်ကြပါသည်။

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်နိုင်ငံ)

Category: International News